တနိုင်း ဇွန် ၁၆
မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာမြေ ပိုင်ဆိုင်သူ တောင်သူများအား ဒေါင်ဖန်း လက်တွန်း ထွန်စက် အမျိုးအစားများကို ယမန်နေ့ နေ့လည်ပိုင်းမှ စတင်၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ လက်တွန်းထွန်စက်များကို တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် လယ်ယာမြေ ပိုင်ဆိုင်သူတိုင်း ဒေါင်ဖန်းလက်တွန်း ထွန်စက်(၂၉)စီးကို အရစ်ကျ(၂)နှစ် (၃)ရစ်ကျ အတိုးမဲ့ ငွေကျပ်သိန်း (၂၁၅၁၀၀၀)ဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ဇွန်(၁၅)ရက်နေ့မှ ဇွန်(၁၆)ရက်နေ့အထိ ကျေးရွာ(၄)စုနှင့်ရပ်ကွက်(၄)စုတို့မှ တောင်သူများ(၈)စီး ဝယ်ယူပြီးကြောင်းနှင့် ကျန်ရှိနေသော လက်တွန်း ထွန်စက်(၂၁)ကို ရပ်ကွက်/ကျေးရွာများရှိ တောင်သူများအား ဆက်လက် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးမှူး ဦးထွန်းအောင်ကျော် ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)