တနိုင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းပြုလုပ်

တနိုင်း ဇွန် ၁၆

မြစ်ကြီးနားခရိုင်၊တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် တွင် ဝန်ထမ်းများစာပေဗဟုသုတရရှိစေရန်၊ အားလပ်ချိန်တွင် စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများရရှိ လာစေရန် ရည်ရွယ်၍ ယနေ့ညနေ(၃)နာရီတွင် စာဖတ်ဝိုင်း ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် တနိုင်းမြို့နယ်ရုံး မြို့နယ်ဦးစီးမှူး ဒေါ်ဝါဦးနှင့် ဝန်ထမ်းများက ဇွန်လ (၆)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဗညားကျန်းထော ရေးသားသည့်" နိုင်ငံဝန်ထမ်း စံတန်ဖိုး"ခေါင်းစဉ်ပါ အကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)