ပဲခူး ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၁ ခုနှစ်၊ မိုးစပါးချေးငွေထုတ် ပေးရန်ဧကပေါင်း (၁၈၇၃၄၃၉)ဧက ထုတ်ချေးပေးရန် လျာထားပေးကြောင်း ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ် တာဝန်ရှိသူထံမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၈)မြို့နယ်၊ ကျေးရွာအုပ်စုပေါင်း (၁၅၁၇)အုပ်စု၊ စပါး စိုက်ဧက ပေါင်း (၁၈၆၉၄၀၅)ဧက၊ အခြားစိုက်ပျိုးဧက (၄၀၃၄)ဧက၊ စုစုပေါင်း စိုက်ပျိုးဧကပေါင်း (၁၈၇၃၄၃၉)ဧက အား ထုတ်ချေးပေးရန် ငွေကျပ်သိန်းပေါင်း (၂၈၀၈၁၄၁.၅၀)ကျပ်အား လျာထားကြောင်း သိရသည်။
အဆိုပါ ၂၀၂၁ ခုနှစ်၊ မိုးစပါးထုတ်ချေးငွေကို မြို့နယ် (၂၄)မြို့နယ်မှ ကျေးရွာအုပ်စု (၁၅၆) အုပ်စုအတွက် စပါးစိုက်ဧက (၂၈၀၂၆)ဧက၊ အခြားစိုက်ပျိုးဧက (၂၃)ဧက၊ စုစုပေါင်း စိုက်ပျိုးဧက (၂၈၀၄၉)ဧက၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၄၂၀၆၂.၀၀)ကျပ်အား ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်၊ မိုးစပါးချေးငွေ အား ၂၀၂၁ ခုနှစ် မေလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ချေးငွေတောင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
မျိုးငြိမ်း