ဇလွန်မြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဇလွန်  ဇွန် ၁၆

ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ် ဓနုဘေး-သက္ကယ်ကျွန်း ကျေးလက်လမ်းဘေးတွင် စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇလွန်မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မန်ဂျန်ရှားအပင်( ၅၀ )၊  ယူကလစ်အပင် (၅၀)  စုစုပေါင်းအပင် ( ၁၀၀ ) အား သစ်တောများပြုန်းတီးမှုကို ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုမျှတစေရေးအတွက် ရည်ရွယ်၍ စု‌ပေါင်း သစ်ပင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ  သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)