သန်လျင်၌ အစိမ်းရောင်ကျေးလက်ဒေသဖွံဖြိုးရေး (Green Growth) လုပ်ငန်းစီမံကိန်း(ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

သန်လျင် ဇွန် ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (Green Growth) လုပ်ငန်းစီမံကိန်း (ဆင့်ပွား) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးနေဝင်းအောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ​အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး (Green Growth) လုပ်ငန်းစီမံကိန်း ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားကာ သင်တန်းနည်းပြမှ သင်တန်းမိတ်ဆက်စကား ပြောကြားသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ကျေးလက်ဦးစီးမှူးများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ တွံ့တေး၊ ကော့မှူး၊ ​ကွမ်းခြံကုန်းမြို့နယ်များရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၁၄ ဦးတက်ရောက်ကြကာ သင်တန်းကာလမှာ တစ်ရက်သင်တန်းဖြစ်ကြောင်း သိရသည်။