လှိုင်းဘွဲ ဇွန် ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်၊ အသိပညာ ဗဟုသုတများ ရရှိနိုင်ရန်အတွက် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ (Community Centre)ခန်းမ၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနံရံကပ်စာစောင်များတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးစာစောင်၊ မူးယစ် အန္တရာယ်ပြည်ရန်စွယ် ကာကွယ်တိုက်ဖျက်ပြည်သူ့အတွက်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး မှတ်တမ်းဓါတ်ပုံးများ၊ ၁၉ ရာစုနောက်ပိုင်း တွေ့ရှိရသော မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်း၊ မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ဆက်လက် ပြသ လျက်ရှိရာစာဖတ်ပရိတ်သတ် ပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)