စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၁)ရပ်ကွက်၊  မင်္ဂလာလမ်း အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ      ဇွန်       ၁၈

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြု ရန်ပုံငွေဖြင့် ခွင့်ပြုငွေကျပ်(၂၁၉)သိန်း(၆)သောင်းဖြင့် ဆောင်ရွက်လျက်ရှိသော  အမှတ်(၁)ရပ်ကွက်၊ မင်္ဂလာလမ်း အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှတ်(၁)ရပ်ကွက်၊ မင်္ဂလာလမ်းတွင် အရှည်(၆၂၅) ပေ၊ အကျယ်(၂)ပေ၊ အနက် (၃)ပေရှိသော အုတ်ရေမြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၁၉)သိန်း(၆)သောင်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မေလ ပထမပတ်မှစတင်၍ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့ပေါ်ရပ်ကွက်များတွင် မိုးတွင်းကာလ၌ လမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းများနှင့် လမ်းများအား ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးသက်နိုင်ထံမှ သိရသည်။

ခင်သန်းလှိုင်