သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်၌ ရပ်ကွက်/ကျေးရွာစာရင်းကောက်အဖွဲ့များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သင်တန်းပို့ချ

သာစည် ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ သာစည်မြို့နယ်ဦးစီးမှူးရုံးမှ   ဆောင်ရွက်လျက်ရှိသော   ပန်းခင်းစီမံချက်တွင်  ပါဝင် ဆောင်ရွက်ကြမည့်    ရပ်ကွက်/ကျေးရွာစာရင်းကောက်အဖွဲ့များ  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား    သိရှိစေရန် ယနေ့နံနက် ၉ နာရီခွဲက     မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင် တို့က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ထို့နောက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဆိုင်ရာ သာစည်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်က သင်တန်းကို အပိုင်းသုံးပိုင်းခွဲ၍ သုံးချိန်ပို့ချရာ ပထမအချိန်၌ ဌာနနှင့် ဥပဒေများအကြောင်း၊ ဒုတိယအချိန်၌ ပန်းခင်းစီမံချက်တွင်ပါဝင်သည့်  ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များ အကြောင်းနှင့် တတိယ အချိန်တွင် ရပ်ကွက်/ကျေးရွာ စာရင်းကောက်အဖွဲ့များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပို့ချကြောင်းသိရသည်။

အဆိုပါသင်တန်းသို့  မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု  ၈၇  စုမှ တစ်အုပ်စုလျင် သင်တန်းသားနှစ်ဉီးတက်ရောက်ကြကြောင်းသိရသည်။ 

မြို့နယ်ပြန်/ဆက်