မန့်ဟီးရိုး ဇွန် ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွင်း လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက် ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကောက်ကွက်ကျေးရွာအုပ်စု၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ခြင်းလုပ်ငန်းကို ကောက်ကွက်ကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုး ခံစားခွင့်ရရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀/-)နှုန်းဖြင့် အဘိုး(၃)ဦး၊ အဘွား(၅)ဦးတို့အား တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မန့်ဟီးရိုးမြို့တွင် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၀)ဦးရှိပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဇွန်လအတွင်း လက်ဝယ်အရောက် လိုက်လံ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။
စန္ဒာ(ပြန်/ဆက်)