ဥတ္တရခရိုင်အတွင်းရှိ Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များအား             နေပြည်တော်ကောင်စီအဖွဲ့ဝင် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန်  ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်အတွင်းရှိ တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် အတွင်းရှိ Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က  ယမန်နေ့က ကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် တပ်ကုန်းမြို့နယ်အတွင်းရှိ ညောင်လွန့်စစ်ဆေးရေးဂိတ်၊ကြို့ပင်သာ စစ်ဆေး ရေးဂိတ်၊ ၁၀၉ စစ်ဆေးရေးဂိတ်၊ ကင်းသာစစ်ဆေးရေးဂိတ်နှင့် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပန်းတင် စစ်ဆေးရေးဂိတ်တို့အား နေပြည်တော်ကောင်စီအဖွဲ့ဝင်မှ Covid- 19 ရောဂါ ကာကွယ်ရေး လုပ်ငန်း များအတွက် လိုအပ်သည်များ ကြိုတင်စီစဉ်ဆောင်ရွက်ထားရန်၊ လက်ရှိအချိန်တွင် Covid- 19 ရောဂါဖြစ်ပွားမှု မြင့်တက်လာသည်ကို တွေ့ရှိရသည့်အတွက် နေပြည်တော်အတွင်း ပြင်ပမှ ဝင်ရောက်လာသူများကို Covid- 19 ပိုး ရှိ/မရှိ စစ်ဆေးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက် ရန်၊           မြို့အဝင် စစ်ဆေးရေးဂိတ်များ စနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်၊ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် Quarantine Centre များသို့ ပို့ဆောင် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိရန် ရှင်းလင်းမှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီရိနွယ်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ Covid- 19 ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စီမံဆောင်ရွက်မည့် အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။        

ဥတ္တရခရိုင်ပြန်/ဆက်