သံတွဲ ဇွန် ၁၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၁၆ ရက် ညမှစ၍ သမိုင်းဝင် ရွှေဆံတော် စေတီရင်ပြင်ရှိ တောင်ကမ်းပါးရံများမြေပြိုကျမှုဖြစ်ပွါးကြောင်း သိမ်ကုန်းကျောင်းတိုက် ဆရာတော် ဦးတေဇိန္ဒ ထံမှ သိရှိရသည်။
အဆိုပါမြေပြိုကျမှုကြောင့် ရွှေဆံတော်စေတီ မှာထိခိုက်မှုမရှိပဲ စေတီအနီးရှိ ဆောက်လုပ်လျက်ရှိသည့် သာသနိက အဆောက်အဦ အောက်ခြေနံရံများပြိုကျမှုကြောင့် သုံးလက်မခန့်နိမ့်ဆင်းသွားရာ အဆောက်အဦ ကွဲအက်ပြိုကျ ခဲ့သဖြင့် အမြန်ဆုံးပြုပြင်ရန်လိုအပ်လျှက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ လိုက်ပါလျက်ပြုပြင်ဆောင်ရွက်ရန်လိုအပ်ချက်ရှိသည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ရာ ခရိုင်ဆည်မြောင်းဦးစီးဌာနနှင့် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းမြင့်အောင်နှင့် ဦးဇော်လေးတို့မှ ပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း ဆရာတော် ဦးတေဇိန္ဒ ထံမှ သိရှိရသည်။
သံတွဲ