လင်းခေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

လင်းခေး   ဇွန်   ၁၈

 လင်းခေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကိုဗစ်-၁၉ရောဂါကာကွယ် ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်က လင်းခေးမြို့၊ ယာယီ ကုန်စိမ်းဈေး၌ သွားလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

  အဆိုပါ အသိပညာပေးစာစောင်တွင် ကိုဗစ်-၁၉ရောဂါလက္ခဏာများ၊ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူအားဆန့်ကျင်ကဲ့ရဲ့ပြောဆိုခြင်း မပြုရန်နှင့် ကောလဟာလ၊ သတင်းအမှားများ ဖြန့်ဖြူးခြင်းအား ရှောင်ကြဉ်အပျက်သဘောဆောင်သော အပြုအမူများနှင့် ရေးသားမှုများ ရှောင်ကြဉ်ခြင်းများ၊ အစာမစားမီ လက်ကိုဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြောခြင်း၊ လက်သန့် ဆေးရည်ဖြင့် မကြာခဏ လက်ကိုစနစ်တကျဆေးကြောခြင်း၊အသားငါးများကို ကျက်အောင် ချက်ပြုတ်စားသုံးခြင်း၊ သန့်ရှင်းရေးလုပ်စဉ်တွင် လက်အိတ်များဖြင့် အကာအကွယ်ဖြစ်စေမည့် အဝတ်အစားများကိုဝတ်ဆင်ခြင်း၊ပြင်ပသို့ မဖြစ်မနေသွားလာလျင် နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းနှင့် လူစုလူဝေး ရှောင်ကြဉ်ခြင်းစသည့် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အချက် အလက်များ ပါရှိကြောင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

   မိမိတို့နိုင်ငံ၌သာမက ကမ္ဘာတစ်ဝှမ်းတွင် ဆက်လက်ဖြစ်ပေါ်လာလျက်ရှိ သော  ကူးစက်မြန်COVID-19ရောဂါ ပိုမိုမပြန့်ပွားလာစေရေးနှင့် အများပြည်သူတို့အနေဖြင့် ကြိုတင်ကာကွယ်ရေးနည်းလမ်း အသိပညာဗဟုသုတများ ရရှိလာစေကာ ကိုဗစ်ရောဂါ ကင်းဝေးကာကျန်းမာပျော်ရွှင်သော မိသားစုလူနေမှုဘဝများ ရရှိလာနိုင်ရန် ဟူသောရည်ရွယ် လျက် လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးသန်းမြင့်နှင့် ဝန်ထမ်းများက အဆိုပါအသိပညာပေးလက်ကမ်း စာစောင်(၂၅၀)စောင်အား ၎င်းဈေးရှိပြည်သူလူထုတို့လက်ဝယ်အ‌ရောက်ဖြန့်ဝေပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းရသည်။

စိုင်းဇော်လတ်(လင်းခေး)