ဘားအံခရိုင်၌ စာဖတ်ဝိုင်း ဆောင်ရွက်

ဘားအံ   ဇွန်  ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “စာကောင်းပေကောင်းရဲ့ အရသာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးက စာပေချစ်မြတ်နိုးသူများ အချင်းချင်း  အသိပညာဗဟုသုတများ မျှဝေနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်မှ အလေ့အထကောင်းများ ဖြစ်လာစေရန်စသည့်စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်း ပြောကြားပြီး ဘားအံခရိုင် Book Club ဥက္ကဋ္ဌ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဖတ်ဖူးပါသလား၊ ကြိုက်ရင်ယူဆောင်စေချင်၊ ကောင်းနိုးရာရာ အတုယူပါ ခေါင်းစဉ် များဖြင့် လည်းကောင်း၊ ဦးသန်းအောင် (လူဝိုင်း)က စိတ်ထားအလှ၊ ဖတ်ဖူးပါသလား၊ စိတ်ကောင်းရှိဖို့ ပထမ  ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင်  ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က စာကောင်းပေကောင်း ရေးနည်း၊ ရေးသားခြင်းဖြင့် တိုးတက်ပါစေခေါင်းစဉ်များဖြင့် အသီးသီးဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)