စက်သုံးဆီစျေးနှုန်းစောင့်ကြည့်ထိန်းသိမ်းရေးကော်မတီမှ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီ ဆိုင်များစစ်ဆေး

မောက်မယ်         ဇွန် ၁၈

မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် စျေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ သုံးစွဲသူများ  စျေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေး၊ ပြည်ပမှ တရားမဝင်တင်သွင်းမှုမရှိစေရေးနှင့် စက်သုံးဆီသုံးစွဲမှုနှင့်ပတ်သက်၍ အခက်အခဲလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေး အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား   ယနေ့နံနက် ၉ နာရီက သွားရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

ထို့သို့သွားရောက်စစ်ဆေးရာတွင် မြို့နယ်စက်သုံးဆီစျေးနှုန်း စောင့်ကြည့်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမြင့်ဇော်နှင့်အဖွဲ့ဝင်များတို့က စက်သုံးဆီစျေးနှုန်းများ မှန်ကန်မှုရှိ/မရှိ ၊ ဆီပန့်လီတာများ မှန်ကန်မှုရှိ/မရှိနှင့်ဆီလှောင်ကန်များ အန္တရာယ်ကင်းရှင်းမှုရှိစေရေး စစ်ဆေးပြီး   မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ နှင့်ပတ်သက်၍ ဆောင်ရန် /ရှောင်ရန်အချက်များ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ၊ မီးလောင်မှုမဖြစ်စေရေးအတွက် စက်သုံးဆီများကို သတိရှိစွာ စနစ်တကျအသုံးပြုစေရေးနှင့် မီးသတ်ဆေးဗူး အသုံးပြုပုံနည်းစနစ်များကို လက်တွေ့သရုပ်ပြသခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)