မအူပင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းမှု ဆိုင်ရာများဆွေးနွေး

မအူပင် ဇွန် ၁၈ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းမှု ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ ၃၀ မီးနစ်အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအစည်းဝေးခန်းမတွင်ကျင်းပသည်။ ဆွေးနွေးပွဲတွင် မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆင့်က မအူပင်မြို့နယ်အတွင်း ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်ပြီး သတ်မှတ်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နေမှုများ၊ စောင့်ရှောက်မှုများနှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင် မိခင်မှသည် မွေးဖွားလာသည်အထိ ကလေးသူငယ်များအတွက် ထောက်ပံ့မှုများကို ဆွေးနွေးပါသည်။ ဆက်လက်၍ တက်ရောက်ကြည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအားတင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက မအူပင်မြို့နယ်အတွင်း မူကြိုကျောင်းများ၊ မိခင်ဝိုင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ကလေးသူငယ်များသည် အနာဂတ်မျိုးဆက်သစ်များဖြစ်သည့်အတွက် ပြုစုပျိုးထောင်မှု မြှင့်တင်ရန်ဆွေးနွေးခဲ့ကြောင်းသိရသည်။ အောင်ခိုင်