ကျိုင်းတုံ ဇွန် ၁၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒုတိယ သုံးလပတ်အတွက် ကျိုင်းတုံမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်တို့က ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၈ အုပ်စုမှ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား ၈၁၃ ဦးအတွက် တစ်လလျှင် ကျပ် ၁၀၀၀၀ နှုန်း ဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် (ဒုတိယသုံးလပတ်)အတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်စီ စုစုပေါင်း ငွေကျပ် ၂၄၃၉၀၀၀၀ ကိုပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး ဘိုးဘွားများလက်ဝယ်အရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျိုင်းတုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူ (၃၁၃)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၉၃၉၀၀၀၀ ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး မသန်စွမ်းသူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)