ရိခေါဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်းများ လှူဒါန်းပေး

ရိခေါဒါရ်     ဇွန်    ၁၈

ချင်းပြည်နယ်၊ ရိခေါဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေစစ်ဆေးခြင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ယနေ့တွင်  စံပြကုမ္ပဏီမှ နှာခေါင်းစည်းများ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ လှူဒါန်းရာတွင် စံပြကုမ္ပဏီ ဒါရိုက်တာ ဦးဇော်မိုးလွင်က နှာခေါင်းစည်း (၂၀)ဗူးကို ရိခေါဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကော်မတီထံသို့ လာရောက်ပေးအပ်လှူဒါန်းပြီး ကော်မတီအတွင်းရေးမှူး ဒေါက်တာ စန်းမာ (ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန်)က လက်ခံပေးသည်။

ရိခေါဒါရ် ပြန်/ဆက်