သာစည် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ ကျေးရွာကုန်ထုတ်လမ်းခင်းခြင်းနှင့် ကျေးရွာရေရရှိရေး လုပ်ငန်းများကို တာဝန်ရှိသူများ ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကူဖြူကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် Modern Treasure Co.Ltd မှ တာဝန်ယူဆောင်ရွက်သည့် မဲတောကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း (၁/၀)မိုင် ဆောင်ရွက်နေမှုများနှင့် အဆိုပါကုန်ထုတ်လမ်းပေါ်ရှိ Slab Culvert ၅ စင်း နှင့် ရေကျော်တစ်စင်း တည်ဆောက်နေမှု၊ အုတ်ကုန်းကျေးရွာ ကျေးလက်ကုန် ထုတ်လမ်း(၀/၅.၃)မိုင်လုပ်ငန်းနှင့် Triple Thar Co.Ltd မှ တာဝန်ယူဆောင်ရွက်သည့် ဝက်တိုးကျေးရွာတွင် ၄ လက်မ အကျယ်၊ ပေ ၃၀၀ အနက် စက်ရေတွင်းတူးဖော်ခြင်းနှင့်ဂါလံ ၂၄၀၀ ဆံ့ရေစင်၊ အကျယ် ၅ လက္မပတ်လည်၊ အမြင့် ၇ လက်မရှိရေစက်ရုံနှင့် ရေပိုက်လိုင်း ၂၁၄၀ ပေ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးသိန်းထိုက်ဦး၊ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်