သတင်းများ

သံတောင်ကြီးမြို့နယ်တွင် ဒေသထွက်ထွက်သီးနှံဖြစ်သည့်ဒညင်းသီး ယခင်နှစ်ထက် အထွက်နှုန်း အနည်းငယ်ကျဆင်း
Jun 19,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊  သံတောင်ကြီးမြို့နယ်သည်  တော်ပေါ်ဒေသဖြစ်ပြီး   ဒေသခံ ပြည်သူများ၏   အသက်မွေးဝမ်းကျောင်းမှာ  အများအားဖြင့်   ဥယျဉ်ခြံလုပ်ငန်းကို  လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင်ရာသီပေါ်သီးနှံဖြစ်သည့်  ဒညင်းသီးသည်    အဓိကစိုက်ပျိုးသည့်သီးနှံ‌ဖြစ်ပြီး ယခင်နှစ်ထက်  အထွက်နှုန်းအနည်းငယ်ကျဆင်း  ခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 19,2021
 မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့နှင့် ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် စပါးစီမံကိန်းသီးနှံ ဧက(၈၀၀)ခန့် ရေပေးနေသည့် သရက်ချိုမြောင်းအား ပြုပြင်ပေး
Jun 19,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနသည် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရေးအတွက် ရေပေးဝေမြောင်းများ၊ ရေပြွန်များ ပြုပြင်ပေးခြင်းနှင့် မြောင်းဘောင်နံရံများနှင့် ကြမ်းခင်းများအား ကျောက်ဆလံစီခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြောင်းဘောင်လမ်းများပြုပြင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စပါးစီမံကိန်းသီးနှံဧက(၈၀၀)ခန့် ရေပေးနေသည့် သရက်ချိုမြောင်းထိပ်ဝ ကျောက်ဆလံစီခြင်းနှင့် မြောင်းကြမ်းပြင် ကွန်ကရစ်လောင်းခြင်း လုပ်ငန်းများ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် Volunteer Training East Dagon Township သင်တန်း ဖွင့်လှစ်
Jun 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ဒေသန္တရ ကျန်းမာရေးဌာနတွင် Volunteer Training East Dangon Township သင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအား အောင်လက်မှတ်ဆု ဆက်ကပ်ချီးမြှင့်မည်
Jun 19,2021
ပဲခူတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပခဲ့သော ၂၀၂၀ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်အောင် မြင်ခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်များအား အောင်လက်မှတ် ဆပ်ကက်ဆုချီးမြှင့်ပွဲ (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌  ဇွန်လ ၂၀ ရက် မွန်းလွဲ ၁ နာရီချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ထံမှသိရသည်။
မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၃၈) အခြေခံပညာအထက်တန်းကျောင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Jun 19,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်လျက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက်၉နာရီက ညောင်ကွဲရပ်ကွက်ရှိ အမှတ်(၃၈) အခြေခံပညာအထက်တန်းကျောင်း၌ မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jun 19,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်း၊ ရေတွင်းရေကန်များ အဘိတ်ဆေး ခတ်ခြင်းလုပ်ငန်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ကော့သောင်းမြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ပြုလုပ်
Jun 19,2021
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်း မြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက အဏ္ဏဝါအခြေခံပညာအ ထက်တန်း ကျောင်းခွဲ၊ ခန်းမ၌ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။