ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး နှိုးဆော်မှုများ ပြုလုပ်

ရေတာရှည် ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူများ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား နှိုးဆော်အသိပေး ဆောင်ရွက်ခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး နံရံကပ်စာ​စောင်အား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ နှိုးဆော်အသိပေးဆောင်ရွက်ရာတွင် မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရေး၊ ပြန့်ပွားမှုမရှိစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြုသွားလာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာချိန်တိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် ကြရန်စသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာကြရန် လိုက်လံနှိုးဆော်၍ ကိုဗစ်-၁၉ ရောဂါ လက္ခဏာအသစ်များနှင့် ကူးစက်မှုမှကာကွယ်ရန် မပျက်မကွက်လုပ်​ဆောင်ရမည့်အချက်များ ပါဝင်သည့် အသိပညာ​ပေး နံရံကပ်စာ​စောင်အား ပြသခြင်းကို နယ်လှည့်စာကြည့်တိုက် သုံးဘီး​မော်​တော်ဆိုင်ကယ်ဖြင့် ရေတာရှည်မြို့အတွင်းလှည့်လည်​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အေးဆု