သတင်းများ

ပေါင်းတည်မြို့နယ် သပြေကုန်းကျေးရွာ ရှေ့ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ဥသျှစ်သဖန်းအင်ဆိပ်‌ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာရှေ့ ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီးကာကွယ်ရေး စစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ မိုးရာသီ RS-CS မျိုးစေ့ထုတ်တောင်သူများအတွက် မျိုးစေ့များ ထောက်ပံ့ပေးအပ်
Jun 19,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဇီးအုပ်ကျေးရွာ စိုက်ပျိုးရေးရှေ့တန်းစခန်း၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ၂၀၂၀ - ၂၀၂၁ မိုးရာသီတွင် RS-CS မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Jun 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဝန်ထမ်းများ အသိပညာဗဟုသုသ တိုးပွားရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိရန် ရည်ရွယ်၍ ဦးဘုန်း(ဓာတု)မန္တလေး ရေးသားထားသည့် သုညအတွေးရသစာစုစာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၇၀)ရာခိုင်နှုန်း ပြီးစီး
Jun 19,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ပြည်နယ် ဘဏ္ဍာခွင့်ပြုရန်ပုံငွေဖြင့် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း(၇၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
နမ့်စန်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jun 19,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးရွာပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား  ကြည့်ရှုအားပေး
Jun 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း ကျေးရွာများတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာပြည်သူလူထု ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ  ပဆွပ်​ကျေးရွာတွင်​ ကျေးရွာဖွံ့ဖြိုးတိုးတက်​ရေး လုပ်ငန်းစီမံကိန်းဖြင့်​ ဆောင်ရွက်ပြီးစီးခဲ့သည့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ယနေ့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
မြိတ်မြို့တွင် သင်ကြားရေး ဆရာ ဆရာမ(အထက်တန်း/အလယ်တန်း/မူလတန်း) ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲ ကျင်းပ
Jun 19,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စုရှိ မြို့နယ်(၆)မြို့နယ်တွင် သင်ကြားရေး (အထက်တန်း/ အလယ်တန်း/ မူလတန်း) ဆရာ/ဆရာမများ ခန့်ထားနိုင်ရေးအတွက် မြိတ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ကုမုဒြာအဆောင်တွင် ယနေ့ နံနက်(၉)နာရီက အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို ကျင်းပခဲ့သည်။
မြစ်သားမြို့နယ် ကျေးလက်ဒေသကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jun 19,2021
မန္တလေးတိုင်းဒေသကြီး၊   မြစ်သားမြို့နယ်    သပြေတောင်းကျေးရွာအုပ်စု၊  မြင်းခြံကုန်းကျေးရွာ ရှမ်းဗျက်ကုန်း ကျေးလက်ဒေသ ကုန်ထုတ်လမ်းဆောင်ရွက်နေမှုများအား ယနေ့နံနက် (၁၀) နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။