ဆီဆိုင်မြို့တွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့်အသား ထုတ်လုပ်ရောင်းချခွင့်လက်မှတ်စိစစ်ချထားခြင်း ဆောင်ရွက်
Sep 18,2020
ထိုက်သင့်သည့် စည်ပင်သာယာရေးအခွန်အခများ ရရှိစေရန်၊ သားသတ်လုပ်ငန်းအနေဖြင့် စားသုံးသူများ ကျန်းမာရေးနှင့် ညီညွှတ်သည့် အသားများလွယ်ကူစွာ စားသုံးနိုင်စေရန်နှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် ဆီဆိုင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များ စိစစ်ရောင်းချခြင်းနှင့် သားသတ်နှင့်အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စိစစ် ချထားခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့ နံနက် ၁၀ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်စည်ပင်သာယာ ရေး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။