သဲကုန်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့ သီတဂူရွှေဥရာစုသစ်စက္ကူဒါနဆေးရုံတွင် ထားရှိသည့် Quarantine Centre အား ယနေ့နံနက် ၇ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက Quarantine Centre အတွင်း သန့်ရှင်ရေးဆောင်ရွက်ခြင်း၊ ကုတင်များ စနစ်တကျ ထားရှိခြင်းနှင့် အပြင်ဘက်ရှိ ချုံနွယ်များ၊ အမှိုက်များအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်နေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးအောင်ဝင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်အေးနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)