ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်၌ "ပန်းခင်း" စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ဗန်းမော်       ဇွန်    ၁၉

 

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း" စီမံချက်ဖြင့် ယနေ့ နံနက် ၉ နာရီက ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗန်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်းများသည် ပေါက်ကုန်းရပ်ကွက်ရှိ ပြည်သူများအား အသက်(၁၀)နှစ်ပြည့်သူများ၊ အသက်(၁၈)နှစ်ပြည့်သူများနှင့် အသက်(၁၈)နှစ်အထက်ရှိသူတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ဆောင်ရွက်ပေးခြင်းနှင့် လဲလှယ်ခြင်းတို့ကို လည်းကောင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆောင်ရွက်ရန်ကျန်ရှိသည့် ရပ်ကွက်၊ ကျေးရွာများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)