အမ်း ဇွန် ၁၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းကို မြောက်ပိုင်ရပ်ကွက်နှင့် ဈေးတောင်ရပ်ကွက်၌ ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေး ခပ်ခြင်း) လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ အစရှိသည့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါလုပ်ငန်အား အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးမင်းထွန်း