ရေး ဇွန် ၁၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၄ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒါ်ခင်သိမ့်သိမ့်ရည်က မိုးရာသီကာလကို ရောက်ရှိလာပြီဖြစ်၍ ကလေးငယ်များအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အသိပညာပေးဆွေးပွဲ (Talk Show) ကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုမှ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်တိုင်းအိမ်တိုင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ်များကို စနစ်တကျ ပုံမှန်ပြုလုပ်ကြရန်၊ အသိပညာပေးဟောပြောပွဲများနှင့် ကွင်းဆင်း စစ်ဆေးမှုများကိုလည်း ကျောင်းများနှင့် ရပ်ကွက်အလိုက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်အေးအေးမွန်က ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့် ဖြစ်ပွားမှုနှုန်းလျော့နည်းစေရန် မြို့နယ်အတွင်းရှိ NGO, INGO အဖွဲ့အစည်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ဆောင်ရန်ရှောင်ရန်များ၊ ရောဂါဖြစ်ပွားသည့် လက္ခဏာရပ်များနှင့် အကယ်၍ ရောဂါဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဆေးခန်းများသို့ သွားရောက်ကြရန် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
(မြို့နယ်၊ ပြန်/ဆက်)