ပုသိမ် ဇွန် ၁၉
ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကူးစက်မှုမြင့်မားလာခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့အမှတ် ၄ နယ်မြေ အောင်ဧရာစျေးရှေ့တွင် စျေးရောင်းစျေးဝယ်သူများနှင့် ခရီးသွားပြည်သူများအား Mask များ ပေးဝေခြင်း ပြုလုပ်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ပုသိမ်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း ဦးဆောင်၍ ဌာနဆိုင်ရာများ၊ တိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မြို့နယ်အတွင်းမှ လူမှုရေး အသင်းအဖွဲ့ဝင်များက ဈေးအတွင်းနှင့် လမ်းမပေါ်သွားလာနေသော ပြည်သူများကို နှာခေါင်း စည်း Mask များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်