ပုသိမ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင်၂၀၂၁ ခုနှစ် သင်ကြားရေးဆရာ/ ဆရာမများ အဖြစ် ပြင်ပပုဂ္ဂိုလ်များအား ခန့်ထားနိုင်ရေး အရည်အချင်းစစ် စာမေးပွဲကျင်းပ

ပုသိမ်  ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရပ်ကွက်အသီးသီးမှ အခြေခံပညာကျောင်းများတွင် ၂၀၂၁ ခုနှစ်တွင် ပြင်ပပုဂ္ဂိုလ်များအား သင်ကြားရေးဆရာဆရာမများအဖြစ် ခန့်ထားရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများခေါ်ယူလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရေးဖြေ စာမေးပွဲကို  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းသင်ကြားရေးဆရာ/ဆရာမများအဖြစ် လျှောက်ထားသူ စုစုပေါင်း (၂၈၁၃)ဦးရှိပြီး ယနေ့နံနက် ၉ နာရီမှစတင်ကာ ရေးဖြေစာမေးပွဲကို ကျင်းပလျက်ရှိပြီး၂၀-၆-၂၀၂၁ ရက်နေ့တွင်နှုတ်ဖြေစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ဆောင်ရွက်သည့် ပြင်ပပုဂ္ဂိုလ်များအား သင်ကြားရေးဆရာ/ဆရာမများ ခန့်ထားနိုင်ရေး အတွက် စစ်ဆေးရာတွင်လျှောက်ထားသူ စုစုပေါင်း (၂၈၁၃)ဦးရှိပြီး အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်လျှက်ရှိကြောင်း သတင်းရရှိသည်။

 

မြင့်ဟန်