ပျဉ်းမနား ဇွန် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးက “ပန်းခင်းစီမံချက်”ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရွာကောက်ရပ်ကွက်အတွင်းရှိ ကျောက်ကျင်းရပ်တွင် နေထိုင်လျက်ရှိသည့် အသက်(၁၆)နှစ် အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ဘူးခြင်း မရှိသေးသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ပျဉ်းမနားမြို့နယ်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် “ပန်းခင်းစီမံချက်”ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၉)အုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ် အထက်နှင့် အသက်(၁၈)နှစ်အထက် လူဦးရေ(၈၄၉၆)ဦးတို့ကို တစ်နေ့လျှင် လူ(၃၀)ဦးနှုန်းဖြင့် (၃-၅-၂၀၂၁)ရက်နေ့မှစတင်၍ (၃-၁၁-၂၀၂၂)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများကို ဆက်လက်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်ထံမှ သိရသည်။
စိုးမိုးအောင်