လှိုင် ဇွန် ၂၀
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လှိုင်မြို့နယ်ကြက်ခြေနီ အသင်းခွဲ ရှေးဦးပြုစုခြင်း အခြေခံ (၁/၂၀၂၁) သင်တန်းအား ယနေ့နံနက် ၉ နာရီကစ၍ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Center ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင် ဦးလှဌေးအောင်၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာအောင်ခင်၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး နေဝင်းထွန်းနှင့် ကြက်ခြေနီ သင်တန်းသား (၂၀)ဦး တက်ရောက် ခဲ့ကြပါသည်။
သင်တန်းအား ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ လှိုင်မြို့ နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပြီး လှိုင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်နှင်းနှင့်မြို့နယ်အတွင်းရှိ နည်းပြများမှ သင်တန်းသား များအား သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာမေ(ပြန်/ဆက်)