မြိုင် ဇွန် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲတင့်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများနှင့် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Communty Centre ခန်းမတွင် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများ အနေဖြင့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်၊ မီဒီယာ လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ချိတ်ဆက် လုပ်ဆောင်ရန်၊ စာများများဖတ်ရန်/ရေးရန်၊ မိမိတို့အလုပ်ကို ချစ်မြတ်နိုးတန်ဖိုးထားရန်၊ မိမိတို့ဌာန၏ စွမ်းဆောင်ရည် မြင့်မားစေရေးကို အလေးထားရန်၊ နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော မူဝါဒများ ပြန်လည်ဖြန့်ဝေနိုင်ရေးတို့ကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး အဆိုပါတွေ့ဆုံပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲတင့်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး လာရောက်တွေ့ဆုံခဲ့ကြသည်။
ပြည်ထောင်စု ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း ဝန်ထမ်းများ၏ တင်ပြချက်များ၊ ရုံးဌာန၏ လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရ(ပုံတောင်)