ဟိုပန် ဇွန် ၁၉
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ယနေ့နံနက် (၁၀)နာရီအချိန်က ဟိုပန်မြို့ဝင်လမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းMask များအခမဲ့ဖြန့်ဝေခြင်း၊ လူဝင်လူထွက် စာရင်းများကောက်ယူခြင်းနှင့် မော်တော်ယာဉ်များအား ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းတို့ကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးညီနပ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း နှင့်အဖွဲ့ဝင်များ၏လမ်းညွှန်မှု၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ တို့၏ ကြီးကြပ်မှုတို့ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟိုပန်မြို့နယ်ကြက်ခြေနီအသင်းရှိလူငယ်များမှဆောင်ရွက်ခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိစေရေးအ တွက် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့ဝင် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျဌာနဆိုင်ရာများမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လုပ် ငန်းလမ်းညွှန်ချက်များနှင့်အညီ မြို့အဝင်၊ အထွက်များအား စနစ်တကျစစ်ဆေးကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။