သတင်းများ

ပန်းတောင်းမြို့နယ် ကျီးတောတွင် အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကိုဗစ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Sep 22,2020
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေ ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသားရေးတာဝန်အဖြစ် ကာကွယ်တားဆီး ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဆောင်၍ ပန်းတောင်း မြို့နယ် ကျီးတောဂိတ် ဝင်ထွက် စစ်ဆေးရေးဂိတ်များတွင် အနယ်နယ်အရပ်ရပ်မှ ဝင်ရောက် ဖြတ်သန်းလာသည့် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား နေ့စဉ်ကြပ်မတ် အရှိန် အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် (အ.ထ.က ၁) ကျောင်းဝင်းအတွင်း အသွားအလာ ကန့်သတ် စောင့်ကြည့် စခန်းထပ်မံ ဖွင့်လှစ်
Sep 22,2020
ရန်ကုန်  အရှေ့ပိုင်းခရိုင်   ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်အတွင်းရှိ  
ရန်ကင်းမြို့နယ်တွင် Stay Home လုပ်ငန်းစဉ်များအား တင်းတင်းကျပ်ကျပ်ဆောင်ရွက်
Sep 22,2020
ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၀ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး (ကိုကိုးကျွန်းမြို့နယ်မပါ) Stay Home လုပ်ငန်းစဉ်များတွင် ပါဝင်ကြောင်း အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။
အမာမြို့အတွင်းရှိ သဘာဝဘေးဒဏ်သင့်အိမ်ထောင်စုများအား ကူညီထောက်ပံ့မှုများဆောင်ရွက်
Sep 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ နောက်မီးကျေးရွာအုပ်စုနှင့် ဒေါ်ညိမ်းကျေးရွာအုပ်စုများအတွင်း စက်တင်ဘာလ(၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုတ်ခတ်ပြီး ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့ကြသည့် အိမ်ထောင်စုများ အတွက် ယမန်နေ့က ဖျာပုံခရိုင်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ဘေးဒဏ်သင့်ပြည်သူတို့၏ လက်ဝယ်သို့ လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အမာမြို့၊ မင်္ဂလာသောင်တန်းကျေးရွာတွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ပင်လယ်ဒီရေမြင့်တက်မှုကြောင့် လူနေအိမ်(၃)လုံး ပျက်စီးခဲ့
Sep 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်းကျေးရွာ၌ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်ပြီး ပင်လယ်ဒီရေများ မြင့်တက် လာခြင်းကြောင့် လူနေအိမ်(၃)လုံး တစ်စိတ်တစ်ဒေသ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
မံစီမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့၌ ယနေ့နံနက် ၁၀ နာရီက အသက်(၈၅)နှစ် အထက် ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အလုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား စားသောက်ကုန်များထောက်ပံ့လှူဒါန်း
Sep 22,2020
ကိုဗစ်- ၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အထောက်အပံ့တစ်ခု ဖြစ်စေရေး အတွက်  ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊
ဒေါ့ဖုန်းယန်မြို့ရှိ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပညာပေးခြင်း ဆောင်ရွက်
Sep 22,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အတွင်းရှိ အများပြည်သူများသို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်ရောင်းချခြင်းမှ ပါဆယ်စနစ်သို့ ရောင်းချရန် အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။