သတင်းများ

မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် MASK (၁၀)ခုဝယ်ယူစေပြီး (၅)ခုကို ပြန်လည်လှူဒါန်းစေသည့် ဒဏ်ပေးစနစ်ဆောင်ရွက်
Sep 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် MASK (၁၀)ခုဝယ်ယူစေပြီး (၅)ခုကို ပြန်လည်လှူဒါန်းစေသည့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီ က မြို့မဈေးရှေ့နှင့် မိုင်းတုံလမ်းဆုံတို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၆)ဦးအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်ပို့ဆောင်
Sep 22,2020
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိသည်။
ပြင်စလူမြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Sep 22,2020
ဧရာဝတိတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ပေးအပ်ခဲ့သည်။
မိုင်းဖြတ်၌ Facility Quarantine ခံယူနေသူနှစ်ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား နမူနာရယူစစ်ဆေး
Sep 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် Facility Quarantine ခံယူ နေသူနှစ်ဦးထံမှ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ခွဲကျွမ်းကျင်-၃ ဒေါ်အိသက်မွန်နှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့မွန်းတည့် ၁၂နာရီ က နမူနာရယူခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေး ထားကြောင်းသိရသည်။
ဟားခါး၌ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ အသုံးပြုမှုနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Sep 22,2020
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန် များတွင်အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထား သည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။
မင်းတပ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့ဝင်/ မြို့ထွက် စစ်ဆေးရေး ဂိတ်များအား နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်
Sep 22,2020
မင်းတပ်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မင်းတပ်မြို့ဝင်/ မြို့ထွက် ဂိတ်များ တွင် ထားရှိဆောင်ရွက်နေသော စစ်ဆေးရေးဂိတ်များအား နေ့စဉ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မင်းကင်းမြို့နယ်အတွင်းရှိ ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၄၅၄)တို့ အား တတိယအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2020
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ မင်းကင်းမြို့ နယ်အတွင်းရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမ ရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှ ယနေ့ နံနက်ပိုင်းတွင် တတိယအကြိမ်မြောက် ထောက်ပံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။