ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား စတုတ္ထသုံးလပတ် အမျိုးသား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒကိ္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်အထက် ဘိုးဘွားများအတွက် အမျိုးသားလူမှုရေးပင်စင်ကို (၃)လတစ်ကြိမ်အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ် အမျိုးသားလူမှုရေး ပင်စင် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၅ ရက်နေ့မှစတင်ပေးအပ်ခဲ့ရာ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအားလုံးကို အိမ်တိုင်ရာရောက် အမျိုးသား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။