ငဖဲမြို့နယ် ပန်းတိမ်း-စစ်တောကျေးရွာချင်းဆက်လမ်းပေါ်ရှိ Box Culvert (၂)စင်း တည်ဆောက်ပြီးစီး
Sep 22,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်းကျေး လက် နေပြည်သူများရာသီမရွေးသွားလာရေး လွယ်ကူအဆင်ပြေစေရန်အတွက် ကျေးရွာ ချင်းဆက်လမ်းများ နှင့် Box Culvert များကိုတည်ဆောက်ပေးလျက်ရှိရာ ပန်းတိမ်း-စစ်တောကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ ကျောက်ကြီး Box Culvert (၂)စင်းတည်ဆောက်ခြင်းကို ဩဂုတ်လ ၂၀ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ရာ ယနေ့မှာ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။