သတင်းများ

လှိုင်မြို့နယ်ရှိ ပရဟိတအသင်း(၈) သင်းအား အလှူရှင်များက အလှူငွေ ထောက်ပံ့ လှူဒါန်း
Sep 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ပရဟိတ အသင်း(၈)သင်းအား လှိုင်မြို့နယ်
ပန်းဘဲတန်းမြို့နယ် ကိုဗစ်-၁၉ ကန့်သတ်စောင့်ကြည့်စင်တာအတွက် အသုံးအဆောင်ပစ္စည်းလှူဒါန်း
Sep 22,2020
ပန်းဘဲတန်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်ရည်ရွယ်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်မည့် ကန့်သတ်စောင့်ကြည့် စင်တာတွင် ထားရှိမည့်သူများ နေထိုင်ရန်အတွက် ကုတင်(၅၀)လုံးကို ဦးကျော်ဝင်း (ကြေးအိုးဆောက် လုပ်ရေးနှင့်ထရေးဒင်းကုမ္မဏီလီမိတက်) မှ ယမန်နေ့မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စားသောက်ဆိုင်နှင့် လက်ဘက်ရည် ဆိုင်များအား သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှ ရှိ/မရှိ စစ်ဆေး
Sep 22,2020
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့ဝင် များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင် နှင့် လက်ဘက်ရည်ဆိုင်များကို စစ်ဆေးခဲ့သည်။
တမူးခရိုင်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြားရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်တွင် အသက်(၈၀)နှစ်နှင့် (၈၅) နှစ်ကြား ရှိ သာသနာ့ ဝန်ထမ်းများ အပါအဝင် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို ယနေ့ နံနက်(၉)နာရီ အချိန်မှ စ၍ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရှိရ သည်။
တံတားဦးမြို့နယ်တွင် မြေဆီလွှာဂုဏ်သတ္တိတိုးတက်ရေးအတွက် မျိုးစေ့ထုတ်ရန် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုး
Sep 22,2020
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဂုဏ်သတ္တိ တိုးတက်ရေး အတွက် မျိုးစေ့ထုတ်ရန် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့နယ် မြင်းသည်နည်းပညာပေးစင်တာရှိ ယာမြေ(၁)ဧကတွင် စိုက်ပျိုးကြောင်းသိရသည် ။ တောင်သူများ၏ သီးနှံစိုက်ပျိုးမြေများတွင်
မိုင်းယောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်
Sep 22,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးများ အား လူမှုဝန်ထမ်းဦးစီးဌာန၏ ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်မှ ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နန်းကိန်ခိုင်ထံမှ သိရသည်။
မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် (CERP) အရ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Sep 22,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ပွဲကို အေးလင်းသာယာ တိုက်ပွဲရှောင်စခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hlaing Quarantine Center (2) ဖွင့်လှစ်ရန် ပြင်ဆင်ခြင်း လုပ်ငန်း များ ဆောင်ရွက်
Sep 22,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်