နွားထိုးကြီး ဇွန် ၂၃
၂၀၂၁ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ ထုတ်ဝေဖြန့်ဝေခြင်းဖြစ်ပြီး မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါး ပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးစွဲသူဖေးမကူ စသည့်အကြောင်းအရင်းနှင့် ကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်များ ပါရှိကြောင်း သိရသည်။
သန်းအောင်ဇော်