ကျောက်ဖြူခရိုင် မီးသတ်ဦးစီးဌာနဝန်ထမ်းများ၏သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ်

ကျောက်ဖြူ   ဇွန် ၂၃

 

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ မီးသတ်ဦးစီးဌာနရုံးရှိ တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများပေးအပ် ခြင်း အခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

 

အခမ်းအနားတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစည်သူလင်းမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးမှူးဦးမင်းသူက ပညာသင်ထောက်ပံ့ကြေးနှင့် ထောက်ပံ့ပစ္စည်းများပေး အပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

 

ထို့နောက် ၎င်းမီးသတ်ဦးစီးဌာန၌ တာဝန်ထမ်းဆောင် လျက်ရှိကြသည့် တပ်ဖွဲ့ဝင်များ၏ သားသမီး ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့အား ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်အစရှိသော ကျောင်းသုံးပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေ များကို ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာမိဘအုပ်ထိန်းသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

 

တင်ထွန်းဦး၊ ဖြိုးဝေလင်း