သတင်းများ

မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား (၅၄) ဉီး ပြန်လည်ဝင်ရောက်
Sep 25,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၄ ဦး ယမန်နေ့က လာအိုနိုင်ငံ မဲခေါင်မြစ် မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ အလှူငွေများ ထောက်ပံ့ ပေးအပ်
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်သာမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး
Sep 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က တောင်သာ-မလှိုင် မော်တော်ကားလမ်းဘေး တွင် ရှိသော ရုံးစည်ကြီးကျေးရွာတွင် မြို့အဝင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
တီးတိန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၁) စု အတွက် ထောက်ပံ့ငွေများပေးအပ်
Sep 25,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စက်တင်ဘာ ၁၅-၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူးဦးဇော်လင်းထွေးက ယမန်နေ့ နံနက် ၁ နာရီ တွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး၊ လမ်းဘေးဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန် အတွင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဇလွန်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဈေး၊ လမ်းဘေး ဈေးဆိုင်နှင့် အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ပူး​ပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေး ခဲ့​ကြသည်။
ပုဂံမြို့တွင် အများပြည်သူသုံးအတွက် လျှပ်စစ်ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်
Sep 25,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့အတွင်းရှိ အများပြည်သူသုံးအတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ထရန်စဖော်မာ တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို လျှပ်စစ်ဝန်ထမ်းများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပုဂံမြို့ လျှပ်စစ်မန်နေဂျာ ဦးမျိုးမင်းထွန်းထံ မှ သိရသည်။
သီပေါမြို့နယ်တွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ ကိုဗစ်−၁၉ ကာလအတွင်း ရောဂါကူးစက်ပျံ့နှံမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Sep 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများတွင် ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက်ပိုင်း က ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
တန့်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁) ဦး ဆေးရုံမှ ဆင်းခွင့်ရ
Sep 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေး ရွာအုပ်စု၊ တုတ္တလုပ် ကျေးရွာမှကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဆေးစစ်ချက်များအရ ရောဂါပိုး မတွေ့ရှိတော့ခြင်း၊ သတ်မှတ်ချက် များနှင့်ပြည့်မီ၍ ကျန်းမာရေး ကောင်းမွန်လျက်ရှိခြင်းတို့ကြောင့် ယနေ့ နံနက် ၆ နာရီခွဲ အချိန်တွင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆင်းခွင့် ရရှိကြောင်း သိရသည်။