ဖလမ်း ဇွန် ၂၃
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုများပြားလာမှုကြောင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့အသိပညာပေးရာတွင် ဖလမ်းမြို့ လမ်းဆုံထီးရိပ်၊ လူစည်ကားသည့်ကားဂိတ်များ၊ စည်ပင်သာယာရေး စျေး နေရာများတွင် ဗီနိုင်းပိုစတာများကပ်ခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအသိပညာပေး လက်ကမ်း စာစောင်နှင့် ပါးစပ်နှင့်နှာခေါင်းစည်းများကိုစည်ပင်သာယာရေး စျေး၊ ကုန်စုံဆိုင်၊ အထည်ဆိုင်များ၊ စျေးအရောင်း ဆိုင်များနှင့် လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာများတွင်ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလှုပ်ရှားမှုတွင် ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောထွန်းဝင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာရုံး ၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းမြို့နယ် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာန တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။