မိုင်းယောင်း ဇွန် ၂၃
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်၌ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ယနေ့တွင် ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုနှင့် သိထားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ်များ၊ ရှောင်ရှားနိုင်သည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ကျန်းမာရေးနှင့် လူမှုဘဝ ထိခိုက်နိုင်မှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ အန္တရာယ်များတို့ကို ဗဟုသုတဖြစ်ဖွယ်၊ မှတ်သားဖွယ်အကြောင်းအရာများ၊ ကိန်းဂဏန်းများ၊ ဆောင်ပုဒ်များ၊ စာစုများ၊ အဆိုအမိန့်များ၊ ဓာတ်ပုံများဖြင့် နံရံကင်စာစောင်တွင် ဝေဝေဆာဆာ ထည့်သွင်းဖော်ပြထားရာ လာရောက်လေ့လာသူ၊ ကြည့်ရှုသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း