အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ပုဗ္ဗသီရိ ဇွန် ၂၃

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် စုပေါင်းရုံးရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၉၇) အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ များကို ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်တွင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် ရှောင်ကြဉ်ဖွယ်အချက်များ၊ ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ကာတွန်းနှင့် ဆောင်ပုဒ်များပါဝင်ပြီး အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ ထုတ်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)