သတင်းများ

ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁၆၈) စုအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 25,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၄၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်နေ့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှု (၈၅) ရာခိုင်နှုန်းပြီးစီး
Sep 25,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သတိမူရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Sep 25,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်သတိမူရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ညက ဆောင်ရွက်ခဲ့သည်။
မြန်မာ့စာတိုက်ကြီးတွင် စာပို့သူများ အချိန်ကြာမြင့်မှုမရှိစေရန် Smart Envelope များ အသုံးပြု သွား မည်
Sep 25,2020
မြန်မာ့စာတိုက်ကြီးတွင် စာပို့သူများ စာတိုက်ကောင်တာများတွင် ကွန်ပျူတာရိုက်သော အချိန်များ ကြာမြင့်မှုမရှိစေရေးနှင့် စာတိုက်ပုံးများတွင် အလွယ်တကူ စာထည့်နိုင်စေရန်အတွက် အောက်တိုဘာလ ၁ရက်နေ့မှ စ၍ Smart Envelopeများကို လက်ခံရောင်းချပေး သွားမည်ဖြစ် ကြောင်း မန္တလေးစာတိုက်ကြီးမှ သိရသည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အသိပညာပေး လှည့်လည်နှိုးဆော်
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အသိပညာပေး လှည့်လည် နှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဖော့ကန် ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ရှားတောမြို့၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်
Sep 25,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြိုတွင်းသန့်ရှင်းသာယာလှပစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အလယ်ပိုင်းကျေးရွာအုပ်စု ၊ အလယ်ပိုင်း စုစည်း ကျေးရွာ နှစ်ကျိပ်ရှစ်ဆူဘုရားစေတီရင်ပြင်တွင် ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပေါင်းတည်မြို့မှ ပြည်ခရိုင်အတွင်းသို့ ဖြတ်သန်းသွားလာမည့် ယာဉ်နှင့်ခရီးသည်များအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်
Sep 25,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်နှင့် သာယာဝတီခရိုင် ဆက်စပ်သည့်နေရာဖြစ်သည့် ပေါင်းတည်မြို့နယ်အဝင် ဘိုးသာအောင်ကုန်းနယ်စပ်တံတားမှ ပြည်ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးသို့ ဖြတ်သန်းသွားလာမည့် အနှေးယာဉ်အမြန်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အားလုံးကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းများ ရယူခြင်းအပြင် ကျန်းမာရေးဌာနနှင့် ရပ်ကွက်ထောက်ခံချက်ပါရှိမှသာ ဖြတ်သန်းသွားခွင့်ပြုမည်ဟု သိရှိရသည်။
မြစ်သားမြို့နယ်တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချ စေရေး ကြပ်မတ်ဆောင်ရွက်
Sep 25,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များစသည့် အစားအသောက်ရောင်းချသည့်ဆိုင်များအားလုံးကို ပါဆယ်စနစ် ဖြင့်ရောင်းချရန် မြစ်သားမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားထားကြောင်းသိရသည်။