သတင်းများ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား လိုက်နာခြင်းရှိ/မရှိ သုံးခွမြို့နယ် မြို့မဈေးကြီးအတွင်း ဈေးသည်များအား ကွင်းဆင်းစစ်ဆေး
Sep 25,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Stay Home ကာလအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံနှံ့မှုမဖြစ် ပေါ်စေရေး၊ လူစုလူဝေးဖြစ်ပေါ်မှုကို လျှော့ချနိုင်စေရန်အတွက် သုံးခွမြို့မဈေးကြီးတွင် စားသောက်ကုန် ပစ္စည်းနှင့် သား/ငါး၊ အသီးအနှံများသာရောင်းချခွင့်ပြုထားပြီး အခြားမည်သည့် ဆိုင်မျှ ဖွင့်လှစ်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉လူနာများနှင့် စောင့်ကြည့်ခံ ပုဂ္ဂိုလ်များအတွက် အာဟာရဒါနပြု
Sep 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် အသွားအလာ ကန့်သတ်ထားရှိ (Facility Quarantine) ခံရသူများ၊ ကုတင်(၁၀၀)ဆေးရုံနှင့် ကုတင်(၅၀) ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားရှိသူများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် မြို့အဝင်အထွက် ဂိတ်(၃)ဂိတ်မှ စစ်ဆေးရေး တာဝန်ရှိသူများအတွက် ဘိုကလေးမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဝင် သံဃာတော်များမှ ယနေ့ နံနက် ၈ နာရီခန့်တွင် ဘိုကလေးမြို့နယ်၊ အ.ထ.က(၃) ကျောင်းတွင် အဟာရဒါနပြု လှူဒါန်းခဲ့သည်။
ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ Lock down ချထားသော အိမ်ထောင်စုဝင် ပြည်သူများအား ဒုတိယအကြိမ် စားသောက်ကုန်များ ဖြန့်ဝေ
Sep 25,2020
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့သော အမှတ်(၇)ရပ်ကွက်ရှိ Lock down ချထားခြင်းခံရသော အိမ်ထောင်ဝင်ပြည်သူများအား စားသောက်ရေး အခက်အခဲမဖြစ်‌စေရန်အတွက် ဒုတိယအကြိမ် စားသောက်ကုန်များ ဖြန့်ဝေခြင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်မောင်မောင်နှင့် အဖွဲ့ဝင်များက ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကာက်ပွဲကို မဲရုံပေါင်း(၂၂၀)ဖြင့် ကျင်းပဆောင်ရွက်သွားမည်
Sep 25,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း (၂၂၀)ရုံဖြင့် ကျင်းပဆောင်ရွက်သွာမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများအနေဖြင့်(၇ )ပါတီမှတ်ပုံတင် ထားပြီး ကိုယ်စားလှယ်လောင်း(၂၁ )ဦးဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်း မြို့နယ်ရွေးပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ် Quarantine Centre များနှင့် ဆေးရုံများသို့ နေ့လယ်စာထမင်း ဘူး (၃၅၀)ဘူးအား လှူဒါန်း
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများနှင့် ဆက်စပ်သူများထားရှိသည့် Quarantine Centre များနှင့် ဆေးရုံများသို့ နေ့လယ်စာထမင်းဘူးများကို အလှူရှင်များမှ ယမန်နေ့ နံနက် ၁၀ နာရီက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
နောင်မွန်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်
Sep 25,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ကိုယ်စား မြို့နယ်အုပ် ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်ဒေသထွက် ရှောက်ချိုသီးများစျေးကွက်တွင် စျေးကောင်းရ
Sep 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ဒေသထွက်ကုန်ဖြစ်သော ရှောက်ချိုသီးလှိုင်လှိုင်ပေါ်ချိန် စျေးကွက်တွင် စျေးကောင်းပေးဝယ်ယူသဖြင့် ရှောက်ချိုစိုက် တောင်သူများအဆင်ပြေကြပြီး တောင်ကြီးစျေးကွက်သို့ ကားကြီးကားငယ်များဖြင့်တင်ပြီး ရွှေ့လျား ရောင်းချခြင်းဖြင့်လည်း ပုံမှန်ဝင်ငွေများရရှိကာ တစ်ဆင့်ပြန်လည်ရောင်းချသူများအနေဖြင့်လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သုံးခွမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကာကွယ်ရေးသုံးပစ္စည်းများလာရောက်လှူဒါန်း
Sep 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက်