စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

စစ်ကိုင်း ဇွန် ၂၃

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက်(၈)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ သွားရောက်၍ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

         

 

 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေး သုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ် ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ ကမ္ဘာ့ရန်သူ ဘိန်ဖြူ၊ မူး ယစ်ဆေးစွဲသူ ဖေးမကူ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက်၊ အနာဂတ် ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့ စသည့် အသိပညာပေး ဗဟုသုတများ ပါရှိကြောင်း သိရသည်။

 

 

 

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ နှစ်စဉ်ထုတ်ဝေလျှက်ရှိပြီး တိုင်းဒေသကြီး/ ပြည် နယ်/ ခရိုင်/ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများက သက်ဆိုင်ရာ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

 

 

ဇော်မြင့်နိုင်