ပေါက်ခေါင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခအစည်းအဝေး န်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အသက်(၈၅) နှစ်အထက် အဘိုးအဘွားများအား လူမှုရေး ပင်စင်အကျိုးခံစားခွင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်လ (၃)လစာအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူမှုရေးပင်စင်ပေးအပ်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ယာယီဥက္ကဌဦးစိုးမြင့်လှိုင်၊ ပြည်ခရိုင်လူမူဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု(၅၃) အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၇၈၁) ဦးအတွက် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လများအတွက် လူမှုရေးပင်စင်အကျိုး ခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်စီဖြင့် စုစုပေါင်းငွေကျပ် (၂၃၄၃၀၀၀၀)အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကျော်