သံတောင်ကြီး ဇွန် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာပေါင်း(၆၄)ရွာတွင် ယူနစ်(၉၄)ယူနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျေးလက်ဥပဒေနှင့် မြစိမ်းရောင် စီမံကိန်းငွေစာရင်း ထိန်းသိမ်းနည်းသင်တန်းကို သံမိုးတောင်ကျေးရွာ ဘုရားကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် မြစိမ်းရောင်စီမံကိန်း ရေရှည်တည်တံ့အောင်မြင်စေရန်၊ စာရင်းဇယားများ ပြည့်စုံ မှန်ကန်စွာ ဖြည့်သွင်းနိုင်ရန်နှင့် ကျေးလက်ဥပဒေများသိရှိစေရန် ရည်ရွယ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ရှင်းလင်း ပို့ချ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သာမိုးတောင် (အောက်) ကျေးရွာ၊ အလယ်ချောင်း(အောက်)ကျေးရွာ၊ ကော်ပတ်ခြံကျေးရွာ၊ တောင်ဇလဲကျေးရွာ၊ ဇလဲ (ကဗ္ဗလာခြံအောက်) ကျေးရွာ၊ သစ်ခွတောင်ကျေးရွာ ၊ အူနဲဖိုလီ-ကွင်းချောင်းကျေးရွာ၊ ထမုံ(အထက်)ကျေးရွာနှင့် မြသာကုန်းကျေးရွာမှ မြစိမ်းရောင် ကော်မတီဝင်များက တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)