ယင်းမာပင်မြို့တွင် COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်ဖွင့်ဆောင်ရွက်

ယင်းမာပင်      ဇွန်      ၂၃

  

 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် ယနေ့ နံနက်ပိုင်းမှစ၍  ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက်များတွင် ခရီးသွားပြည်သူများ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ဦးဆောင်၍ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ပူချိန်တိုင်းတာခြင်း၊ ခရီးသွားလာမှုနေရာဒေသ မှတ်တမ်းကောက်ယူခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 

 

ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဒေသခံပြည်သူများ၏ နေ့စဉ်သွားလာလှုပ်ရှားမှုတွင်မဖြစ်မနေ အသုံးပြုရမည့် ကျန်းမာရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်လျက် နှာခေါင်းစည်း Mask မတပ်ဘဲအပြင်ထွက်လာသည့် ပြည်သူများအားနှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပြီး ပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 

အဆိုပါဆောင်ရွက်နေမှုကို ခရိုင်စံမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးမန်ကိုဟောနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်းသိရသည်။

 

 

အောင်အောင်(ယင်းမာပင်)