မော်လိုက်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အမည်ပြောင်းနှင့်သက်တမ်းတိုးမြေငှားဂရန် လျှောက်ထားမှုတို့အား နယ်မြေကွင်းဆင်းကြည့်ရှုစစ်ဆေး

မော်လိုက်  ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက မော်လိုက်မြို့ မြို့မ(၁)ရပ်ကွက်၊ အကွက် အမှတ်(၁၇/ကျောင်းတောင်ရပ်) ဦးပိုင်အမှတ်(L-၃)၊ မြေဧရိယာ(၀ ဒဿမ ၁၀၉)ဧကအား အမည် ပြောင်း၊ သက်တမ်းတိုးမြေငှားဂရန် ချထားပေးရန် လျှောက်ထားမှုတို့အား နယ်မြေကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

“အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အဓိကနှင့်ပင်မလုပ်ငန်းဖြစ်သော မြေယာစီမံခန့် ခွဲရေးဆိုင်ရာကိစ္စရပ်များကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပြီး၊ ပြည်သူများ မြေယာ ပိုင်ဆိုင်မှု အထောက်အထား အခိုင်အမာ ရရှိစေရန်၊ ပြည်သူများ မြေယာဥပဒေနှင့်အညီ နိုင်ငံတော် အား အခွန်အခပေးဆောင်ရန် စနစ်တကျနေထိုင်တတ်စေရန်နှင့် မြေယာပေါ်မှ နိုင်ငံတော် အတွက် ရသင့်ရထိုက်သော အခွန်အခများ ဆုံးရှုံးမှု မရှိစေရန် နှစ်တို နှစ်ရှည် မြေငှားဂရန် အသစ်ချထားပေး ခြင်း၊ အမည်ပြောင်း/သက်တမ်းတိုးမြေငှားဂရန် ချထားပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း” ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

မော်လိုက်သားလေး