လက်ပံတန်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများ သွားလာရေး ကောင်းမွန်စေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် သခင်ဖိုးလှကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးကြောင်း သိရသည်။
အဆိုပါ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို ငွေလုံးငွေရင်းအသုံးစရိတ် ၉.၉၈၃ ကျပ်သန်းဖြင့် အလျား၈၃၀ပေ ၊ အနံ၁၂ပေနှင့် ၃လက်မထုဖြင့် ဆောင်ရွက်ထားပြီး ပြည်သူများ သွားလာရေး ကောင်းမွန်စေ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း လက်ပံတန်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
ဒေါ်ဝင့်နန္ဒာဌေး